Breaking News

ဝါဆိုသင်္ကန်းကပ်လှူခြင်း အခမ်းအနား

အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်)၏ ဝါဆိုသင်္ကန်းကပ်လှူခြင်း အခမ်းအနားကို (၈.၈.၂၀၂၃)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ရွှေပေါက်ပင်စာသင်တိုက်ရှိရဟန်းသံဃာများအားလှူဖွယ် ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်များမှ တရားဒေဿနာတော်များ‌‌ဟောကြားပေးခဲ့ပါသည်။ [Best_Wordpress_Gallery id="76" gal_title="23 waso"]

လူငယ်စကားဝိုင်း

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/သူများ ဘက်စုံဖွံ့ဖြိုး  တိုးတက်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို (၁၈.၇.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီ မှ (၁၁)နာရီအထိ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ၊ ကျောင်းစုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးမှဦးဆောင်၍  ကျောင်းသား/သူ(၄)ဦးနှင့်အတူ လူငယ်နှင့်နည်းပညာ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးအစရှိသည့်...

ရေသန့်စက်၊ ဖူဆယ်အားကစားကွင်း ဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် (အခြား)မှ ဆောင်ရွက်ပေးသည့် ရေသန့်စက်(250 LPH RO Purified Drinking Water) လုပ်ငန်းတန်ဖိုး (၅.၇)ကျပ်သန်း၊ ဖူဆယ်အားကစားကွင်း (၁၅၀' x ၈၂')လုပ်ငန်း တန်ဖိုး (၆၉.၉၃၅)ကျပ်သန်း ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊...

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဟောပြောပွဲ

၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ် ပထမနှစ်နှင့်ဒုတိယနှစ် ကျောင်းသား/သူများ ပြင်ပဗဟုသုတ၊ အသိပညာများတိုးပွားရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်အဆင့် ကမ္ဘာအအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်အတွက် "အအေး ပေးနည်းပညာစဉ်ဆက်မပြတ်တိုးတက်ဖို့ပူးပေါင်းလက်တွဲဆောင်ရွက်စို့"ခေါင်းစဉ်ဖြင့် (၂၆.၆.၂၀၂၃)ရက်နေ့ မနက်(၉)နာရီမှ (၁၁)နာရီအထိ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) စုဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ [Best_Wordpress_Gallery id="80" gal_title="World...

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ

          ၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ် ပထမနှစ်နှင့်ဒုတိယနှစ် ကျောင်းသား/သူများ ပြင်ပဗဟုသုတ၊ အသိပညာများတိုးပွားရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၂၂.၆.၂၀၂၃)ရက်နေ့ မနက်(၉)နာရီမှ (၁၁း၃၀)နာရီအထိ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ [Best_Wordpress_Gallery id="74" gal_title="6-23 knowledge sppech"]

Критичность Ошибок При Тестировании Решение И Исправление Самых Разных Ошибок

Команды тестирования программного обеспечения в различных организациях используют различные инструменты отслеживания дефектов, такие как Jira, для отслеживания дефектов и управления ими. Несмотря на то, что...

“၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ”

အပူပိုင်း‌ဒေသ သဘာဝပတ်ဝန်းကျင်နှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ ၂၀၂၃ မိုးရာသီအကြို သစ်ပင်စိုက်ပွဲအခမ်းအနားကို (၃၁.၅.၂၀၂၃)ရက်နေ့၊ ကျောက်ဆည်မြို့ပြင် ရွှေလေးရွာရှိ ဇော်ဂျီဂေါက်ကွင်းတွင် သစ်တောဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်)မှ ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ထိုမိုးရာသီ အကြို မြို့နယ်အဆင့်ဌာနပေါင်းစုံ သစ်ပင်စိုက်ပွဲအတွက် သစ်ပင်ပေါင်းစုံ အပင်(၂၀၀)အားလှူဒါန်းခဲ့ပါသည်။...