Breaking News

သဘာဝဘေး(ငလျင်၊မီးဘေး) ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြပွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် စိမ်းလန်းစိုပြေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြီးစီးခြင်း

[Best_Wordpress_Gallery id="66" gal_title="Natural disaster"] မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နှင့်လူမှုကယ်ဆယ်ရေးဝန်ကြီးဌာနတို့မှပူးပေါင်း၍သဘာဝဘေး(ငလျင်၊မီးဘေး) ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြပွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေး အသိပညာပေးဟောပြောပွဲကို (၂၃.၂.၂၀၂၃)ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လူငယ်စကားဝိုင်း

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို (၂၂.၂.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီမှ(၁၁)နာရီအထိ အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်)၊ ကျောင်းစုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ [Best_Wordpress_Gallery id="64" gal_title="Youyh debate"] အဆိုပါ လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးမှဦးဆောင်၍  ကျောင်းသား/သူ(၅)ဦးနှင့်အတူ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အနုပညာ၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ကျောင်းသားဘဝ၊...

ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲအခမ်းအနားကျင်းပပြီးစီးခြင်း

[Best_Wordpress_Gallery id="62" gal_title="Viscous glutinous snack"] အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် (၆.၂.၂၀၂၃)ရက်နေ့၌ မေဂျာပေါင်းစုံ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဆုကို အဆောက်အဦ နည်းပညာသင်တန်း၊ ဒုတိယဆုကို မော်တော်ယာဉ်နည်းပညာသင်တန်းနှင့် တတိယဆုကို လျှပ်စစ်နည်းပညာသင်တန်းမှ အသီးသီးရရှိသွားပါသည်။

ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပပြီးစီးခြင်း

အစိုးရနည်းပညာအထက်ကျောင်း (ကျောက်ဆည်)၏ ဒုတိယအကြိမ်နှင့် တတိယအကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို (၈.၁.၂၀၂၃)၊တနင်္ဂနွေနေ့ တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)၏ သုံးထပ်ဆောင်စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ [Best_Wordpress_Gallery id="55" gal_title="diploma"]