Breaking News

မေးလေ့ရှိသော မေးခွန်းများ

Views: 361

မကြာခဏမေးလေ့ရှိသော မေးခွန်းများ

အခြေခံပညာ အဌမတန်းအောင်မြင်ပြီးသူ မည်သူမဆို တက်ရောက်ခွင့်ရှိပါတယ်။
ကျောင်းလျှောက်ထားနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများထဲတွင် ပါလာပါက ကျောင်းတက်ရောက်ရမည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ပါသည်။ နီးစပ်ရာကျောင်း (သို့မဟုတ်) မိမိတက်ရောက်လိုသော ကျောင်းများကို လျှောက်ထားနိုင်ပါသည်။
(က) အခြေခံပညာ အဌမတန်းအောင်မြင်ကြောင်း ထောက်ခံစာ
(ခ) လျှောက်ထားမည့် ကျောင်းသားနှင့် မိဘများ၏ မှတ်ပုံတင် မိတ္တူများ
(ဂ) ရဲစခန်း၊ ရပ်ကွက်နှင့် ကျန်းမာရေး ထောက်ခံစာများ
(ဝင်ခွင့်လျှောက်လွှာကို ကျောင်းတွင် သီးခြားဖြည့်သွင်းရမည် ဖြစ်ပါသည်။)
အကယ်၍ ကျောင်းသားအရေအတွက်ဟာ လက်ခံနိုင်သောပမာဏအတွင်း ရှိပါက လျှောက်ထားသူအားလုံးသည် ၄င်းတို့၏ အဆင့်များအတိုင်း တက်ရောက်ခွင့်ရရှိပါမည်။
အကယ်၍ လက်ခံနိုင်သောပမာဏအတွင်း မဟုတ်ခဲ့လျှင် ကျောင်းသားများဟာ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းပြည့်မှီသူများသာ တက်ရောက်ခွင့်ရပါမည်။
ဝင်ခွင့်စာမေးပွဲကို သက်ဆိုင်ရာကျောင်းများမှ စစ်ဆေးမည်ဖြစ်ပြီး အခြေခံပညာ အဌမတန်းမှ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်များကို ဖြေဆိုရပါမည်။
ရပါတယ်။ ဒီကျောင်းတွင် အောက်ပါဘာသာရပ်များအတိုင်း ရွေးချယ်တက်ရောက်နိုင်ပါတယ်။
(၁) သုတနည်းပညာ
(၂) လျှပ်စစ်သွယ်တန်းမှု နည်းပညာ
(၃) ရေခဲသေတ္တာနှင့် အိမ်သုံးလေအေးပေးစက် ပြုပြင်တပ်ဆင်ရေး နည်းပညာ
(၄) အဆောက်အဦးနည်းပညာ
(၅) စက်ပြင်နည်းပညာ
(၆) စက်ပစ္စည်းပုံစံပြု နည်းပညာ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်