Breaking News

ကျောင်းအုပ်ကြီး၏ အဖွင့်အမှာစကား

Views: 289

မင်္ဂလာပါ။
အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)ကနေကြိုဆိုပါတယ်။ ဆရာမတို့ ကျောင်းက အလယ်တန်းအဆင့် အောင်မြင်ပြီး အသက်မွေးကြောင်းပညာရပ်များကို လေ့လာလိုက်စားလိုသူ များအတွက် ဦးစားပေး ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ အသက်မွေးဝမ်းကြောင်း နည်းပညာရပ်များကို လေ့လာသင်ယူလိုသူများအတွက် စွမ်းရည်ပြည့်ဝ၊ နှလုံးလှသော ကျွမ်းကျင်မှုအထူးပြု နယ်ပယ်အသီးသီးမှ ဆရာ၊ ဆရာမများမှ မိမိ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုများကို သင်ကြားပို့ချရန် စောင့်ကြိုလျှက်ရှိပါတယ်။ ဆရာမတို့ ကျောင်းအနေဖြင့် ယခုအခါ အဆောက်အဦနည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ သုတနည်းပညာ သင်တန်း၊ လေအေးစက်နှင့်အအေးပေးစနစ်ပြုပြင်မွမ်းမံမှု နည်းပညာသင်တန်းဟူ၍ ဘာသာရပ်နယ်ပယ် (၆)ခုကို အဓိကထား သင်ကြားပေးလျက် ရှိပါတယ်။ပညာရပ်နယ်ပယ်များအတွက် သက်ဆိုင်သော စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ပြည့်စုံအောင် သင်ကြား လေ့ကျင့်ပေးရုံသာမက ခေတ်ရေစီးကြောင်းနှင့်အညီ ပြောင်းလဲ တိုးတက်လာသော နည်းပညာရပ်များကို မျက်ခြေမပြတ်၊ လက်လှမ်းမှီစွာ သင်ကြားပေးလျှက် ရှိပါသည်။ ကျောင်းပြီးသွားသော ကျောင်းသား၊ ကျောင်းသူများ မိမိတတ်မြောက် သင်ကြားထားသော ပညာရပ်များနှင့် ကိုက်ညီသောအလုပ်အကိုင်များ ရရှိစေရန်လည်း စတင်ချိတ်ဆက် ဆောင်ရွက်လျှက်ရှိပါသည်။ ထို့ကြောင့် စိတ်ဝင်စားသော လူငယ်လူရွယ်များ အနေဖြင့် ကြိုးစားချင်သော ပြင်းပြသည့်စိတ်ဆန္ဒကိုသာ ယူခဲ့ပါ အောင်မြင်သော ခြေလှမ်းများဖြစ်စေရန်အတွက် လေ့လာသင်ယူသော ဘာသာရပ်များတွင် ကျွမ်းကျင်ပညာရှင်၊ စွန့်ဦးတီထွင်သူများ ဖြစ်စေဖို့ ဆရာမတို့က တာဝန်ယူပါရစေဟု ပြောကြားရင်း မိတ်ဆက်စကားကို ဒီမှာ အဆုံးသတ်ပါရစေ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်