Breaking News

၂၀၂၂ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ

Views: 104


အပူပိုင်း‌ဒေသ သဘာဝပတ်ဝန်းကျင်နှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ “၂၀၂၂ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို အစိုးရနည်းပညာ အထက်တန်းကျောင်း (ကျောက်ဆည်)၌ (၁.၇.၂၀၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အရိပ်ရပင်များ၊ ပန်းပင်များဖြစ်သော ခရေ၊ သပြေဘူတ၊ ‌ရေတမာ၊ စံပယ်၊ ငုဝါ၊ စိန်ပန်း အစရှိသဖြင့် အပင်ပေါင်း(၁၀၀) ကို ကျောင်းအုပ်ဆရာမကြီးမှ ဦးဆောင်၍ ဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ နှင့် ရုံးဝန်ထမ်းများမှ အတူတကွစိုက်ပျိုးခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်