Breaking News

လူငယ်စကားဝိုင်း

Views: 635

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို (၂၂.၂.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီမှ(၁၁)နာရီအထိ အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်)၊ ကျောင်းစုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးမှဦးဆောင်၍  ကျောင်းသား/သူ(၅)ဦးနှင့်အတူ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အနုပညာ၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ကျောင်းသားဘဝ၊ လူငယ်နှင့် ကျန်းမာရေး အစရှိသည့်ခေါင်းစဉ်များကိုဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်