Breaking News

ရေသန့်စက်၊ ဖူဆယ်အားကစားကွင်း ဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား

Views: 13

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် (အခြား)မှ ဆောင်ရွက်ပေးသည့် ရေသန့်စက်(250 LPH RO Purified Drinking Water) လုပ်ငန်းတန်ဖိုး (၅.၇)ကျပ်သန်း၊ ဖူဆယ်အားကစားကွင်း (၁၅၀’ x ၈၂’)လုပ်ငန်း တန်ဖိုး (၆၉.၉၃၅)ကျပ်သန်း ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို (၁၁.၇.၂၀၂၃)ရက်နေ့ မနက်(၈)နာရီ အချိန်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လျှပ်စစ် ဓာတ်အားပေးကော်ပိုရေးရှင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံမှ ကျောင်းအုပ်ကြီး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ် ပညာရေးမှူး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်