အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)သည် ၂၀၀၉-၂၀၁၀ ပညာသင်နှစ် အတွင်း ၂၀၀၉ ခုနှစ်၊ မေ လ(၅)ရက် နေ့မှစတင်၍ ဖွင့်လှစ်ခဲ့ပါသည်။ လက်ရှိပညာသင်နှစ်တွင် ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းများအား အေးမြကြည်လင် ရပ်ကွက်ရှိ ကျောင်းဝန်းအတွင်း ဖွင့်လှစ်သင်ကြား နေပါသည်။
တည်နေရာ – အေးမြကြည်လင်ရပ်ကွက်၊ကျောက်ဆည်မြို့နယ်၊ကျောက်ဆည်ခရိုင်၊မန္တလေးတိုင်းဒေသကြီး။
အကျယ်အဝန်း – (၅.၇၆)ဧက
- ကျောင်းမှ သက်ဆိုင်ရာနယ်ပယ်များအတါက် ကျွမ်းကျင်မှုရှိသော လုပ်သားများ မွေးထုတ်ပေးရန်
- ကျောင်းသား/သူများအတွက် အချိန်နှင့်နေရာမရွေး သင်ကြားသင်ယူမှုအခွင့်အလမ်းများ ထောက်ပံ့ပေးနိုင်ရန်
- NSSA နှင့် NQF စံနှုန်းသတ်မှတ်ချက်များနှင့်အညီ သင်ကြား၊ သင်ယူမှုနည်းလမ်းများကို အခြေပြု၍ စဉ်ဆက်မပြတ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းစေရန်
ကျွန်ုပ်တို့၏ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတော်ကြီးနှင့် ကိုက်ညီမည့် ပထမတန်းစား နည်းပညာနှင့် သက်မွေးပညာရေးစနစ်ကို ကြိုးစားဖော်ထုတ်ပေးနိုင်ရန်
စဉ် | အမည် | မှ | ထိ |
၁ | ဦးအောင်စိုးလင်း | ၁.၅.၂၀၀၉ | ၃၀.၉.၂၀၀၉ |
၂ | ဦးဝင်းမော်ထွန်း | ၁.၁၀.၂၀၀၉ | ၈.၁၂.၂၀၁၁ |
၃ | ဦးကြည်ဝင်း | ၉.၁၂.၂၀၁၁ | ၂၇.၅.၂၀၁၄ |
၄ | ဦးဇင်မင်းထွန်း | ၂၈.၅.၂၀၁၄ | ၂.၄.၂၀၁၇ |
၅ | ဒေါက်တာ မျိုးသူ | ၃.၄.၂၀၁၇ | ၂၆.၁၂.၂၀၁၉ |
၆ | ဒေါက်တာ ဇာနည်ထွန်း | ၂၇.၁၂.၂၀၁၉ | ယနေ့ |