Breaking News

သင်တန်းသားခေါ်ယူခြင်း (အခမဲ့)

Views: 59

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ကျောက်ဆည်ခရိုင်)နှင့်အစိုးရနည်း ပညာအထက်တန်းကျောင်း(ကျောက်ဆည်)တို့ပူးပေါင်း၍အောက်ပါသင်တန်း များကို(၁.၁.၂၀၂၄မှ၁၉.၁.၂၀၂၄ထိ)အခမဲ့ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍စိတ်ပါဝင်စားသူများအစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)သို့လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။

ဖွင့်လှစ်မည့်သင်တန်းများ

– မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း (အပတ်စဉ် – ၂)

– အခြေခံလျှပ်စစ် သံဂဟေသင်တန်း (အပတ်စဉ် – ၄)

သတ်မှတ်ချက်များ

(က) ပညာအရည်အချင်းအားဖြင့် ကောင်းမွန်စွာ ရေးတတ်၊ ဖတ်တတ်သည့် အဆင့်ရှိသူ ဖြစ်ရမည်။

(ခ) သင်တန်းမှချမှတ်ထားသော စည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။

သင်တန်းသားဦးရေကန့်သတ်ချက်ရှိပြီးသင်တန်းဆင်းများအားအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန(ကျောက်ဆည်ခရိုင်)နှင့်အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ပူးပေါင်း၍ကျွမ်းကျင်မှုအသိအမှတ်ပြုသင်တန်းဆင်းလက်မှတ် (Certificate)ပေးအပ်သွားမည်ဖြစ်ပါသည်။


ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်