Breaking News

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ

Views: 14

၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ် ပထမနှစ်နှင့်ဒုတိယနှစ် ကျောင်းသား/သူများ ပြင်ပဗဟုသုတ၊ အသိပညာများတိုးပွားရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၁၅.၁၂.၂၀၂၃)ရက်နေ့ မနက်(၉)နာရီမှ (၁၂)နာရီအထိ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဒေါက်တာဇာနည်ထွန်း၊ ကျောင်းအုပ်ကြီး အစိုးရနည်းပညာအထက်တန်း ကျောင်း(ကျောက်ဆည်)မှ လူငယ်နှင့်စာရိတ္တ၊ ဦးမောင်မောင်ကို၊ဒုတိယညွှန်ကြားရေးမှူး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးများ၊ ဦးဇော်လင်းထင်၊ ခရိုင်ဦးစီးမှူး ခရိုင်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ တိုင်းရင်းဆေးအကြောင်းအသိပညာပေးများ၊ ဒေါ်စန်းစန်းဝင်း ၊ လက်ထောက် ညွှန်ကြားရေးမှူး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးများ နှင့် ဒေါ်တင်တင် ထွေး၊ လက်ထောက်ညွှန်းကြားရေးမှူး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့် စာဖတ်ခြင်း များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်