Breaking News

လူငယ်စကားဝိုင်း

Views: 7

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/သူများ ဘက်စုံဖွံ့ဖြိုး  တိုးတက်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို (၁၉.၉.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီ မှ (၁၂)နာရီအထိ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ၊ ကျောင်းစုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးမှဦးဆောင်၍  ကျောင်းသား/သူ(၆)ဦးနှင့်အတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့၊ လူငယ်နှင့်နည်းပညာနှင့် စာပေမြင့်မှလူမျိုးတင့်မည် အစရှိသည့် ခေါင်းစဉ်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်