Breaking News

အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ

Views: 12

၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ်တွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို (၁၂.၉.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်တန်း အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို  ကျောက်ဆည်ခရိုင်အတွင်းရှိ  အစိုးရ/ပုဂ္ဂလိက ကျောင်းပေါင်း(၂၁) ကျောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူများအပြင် ပါဝင် ယှဉ် ပြိုင်သော ကျောင်းသား/သူ(၂၁)ဦးတို့အား ဤအခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာ များအသင်း၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်လူမှုဝန်ထမ်းရုံးနှင့်  နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ အထူးဆုနှင့် အခြားလက်ဆောင်များကို ဝိုင်းဝန်းအားပေးချီးမြှင့်ခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားသို့ ဒေါက်တာဥမ္မာကြည်(ခရိုင်ပညာရေးမှူး)၊ ဒေါ်ခင်မာလာ (မြို့နယ်ပညာရေး မှူး ၊တာဝန်ခံ)၊ ဦးကျော်ကျော်မင်း(ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့်တကွ အခြားမြို့နယ်ဌာနဆိုင်ရာ တာဝန်ခံများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်